မြောင်းမြ ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို မြစိမ်းရောင်တောင်ရှိ သုဒဿနဓမ္မာရုံ၌ ဩဂုတ်လ ၁၆ ရက်နေ့၊ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးကြူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေး လက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေလင်းစိုးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို သင်တန်းသူ(၃၀)ဦးဖြင့် ဩဂုတ်လ ၁၆ရက်နေ့မှ စက်တင်ဘာ ၁၄ ရက်နေ့အထိ (၁)လကြာဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး နည်းပြဆရာမဒေါ်မြသီတာမှ ဘာသာရပ်(၁၂)မျိုးတို့ကို စာတွေ့လက်တွေ့သင်ကြားပို့ချမှာဖြစ်ကြောင်း သိရသည်။
ဝေဝေ(မြောင်းမြ)