ပေါင်းတည် ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ခန်းမဆောင်၌ ဩဂုတ်လ ၁၆ ရက်နေ့၊ နံနက် ၁၀ နာရီခွဲက Strengthening of Primary Health Care Workshop ကျင်းပပြုလုပ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းချစ် အမှာစကားပြောကြားပြီး မြို့ပေါ်နှင့်ကျေးလက်ကျန်းမာရေး တာဝန်ခံ၊ ကျန်းမာရေးဝန်ထမ်းများက မြေပြင်ကွင်းဆင်းဆောင်ရွက်နေမှုများနှင့် ကြုံတွေ့ရသည့် အခြေအနေများကို အသီးသီးတင်ပြဆွေးနွေးကြရာ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး နည်းလမ်းများနှင့်အတူ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနအတွင်းရှိ ရပ်ကွက်၊ ကျေးရွာတာဝန်ခံ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)