လပွတ္တာမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အား ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ

လပွတ္တာ သြဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ဩဂုတ်လ (၁၅) ရက်နေ့နံနက်ပိုင်းက လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရွေးနဒီခန်းမတွင် ကျင်းပရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အ.ထ.က၊ အ.လ.က ကျောင်းအုပ်ကြီးများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင်လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရကဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ထပ်ဆင့် ရှင်းလင်းဆွေးနွေး ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဥ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ပြင်ဆင်ချမှတ်ထားမှုအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ ပညာ​ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များနှင့် အားကစားကဏ္ဍမြှင့်တင်ရေးအတွက် အထူးအလေးထားဆောင်ရွက်ကြရန်၊ စိုက်ပျိုးမြေဧကများအား လျာထားချက်များနှင့်အညီ ပြည့်မီအောင် စိုက်ပျိုးရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင် ရွက်သည့် ကိစ္စများအား အထူးအလေးထား ဆောင်ရွက်ရန်၊ စာရင်းဇယားများပေးပို့ရာတွင် ကိန်းဂဏန်း အချက်အလက်များ မှန်ကန်စွာပေးပို့ရန်၊ ပြည်တွင်းစားသုံးဆီ ဖူလုံအောင် ဆောင်ရွက်နိုင်ရေးအတွက် ဆီထွက်သီးနှံများကို ပိုမိုစိုက်ပျိုးရန် နှင့် အထွေထွေကိစ္စရပ်များအား အသေးစိတ်ဆွေးနွေးမှာ ကြားခဲ့သည်။ ထို့နောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)

၀၄၂၈၃၀၄၃