ဇေယျာသီရိ ဩဂုတ် ၁၈
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြည်စံအောင်ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ်လ(၁၅) ရက်နေ့မွန်းလွဲပိုင်းက ပြည်စံအောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
အခမ်အနားသို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်တိုးတိုးလွင်နှင့် တာဝန်ရှိသူများ၊ ရပ်ကွက်ချုပ်ရေးမှူး ဦးဇော်ဝမ်းနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဒေါ်တိုးတိုးလွင်က နိုင်ငံသားစိစစ်ရေးကတ်ပြား၏ တန်ဖိုးနှင့် ကိုင်ဆောင်သူများလိုက်နာရမည့် စည်းကမ်းချက်များ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်မှသာ နိုင်ငံသားအခွင့်အရေးကို ပြည့်ပြည့်ဝဝရရှိမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် အသက် ၁၀ နှစ်အထက်ရှိသူ ကျောင်းသား၊ ကျောင်းသူ ၁၈၁ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)