ရေတာရှည်မြို့နယ်နတ်ရေတွင်းကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ  

ရေတာရှည် ​သြဂုတ် ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့ နတ်ရေတွင်းကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ၁၆-၈-၂၀၂၃ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဇော်ဇော်ထွေးမှ စားသုံးသူ၏တာဝန်နှင့် အခွင့်အရေးများ အစားအသောက်များတွင်ပါဝင်သော ဆိုးဆေးများ၊ တာရှည်ခံဖော်မလင်ပါဝင်နိုင်သော အစားအသောက်များနှင့် အစားအစာ ဘေးအန္တရာယ်ကင်ရှင်းရေး ကုန်အညွှန်းအမှတ်သားပါ အစားအစာများ စားသုံးရေး အသိပညာပေးဟောပြောခဲ့ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးဆုစံမှ စာအုပ်စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်​ရေး၊ သက်ငယ်မုဒိန်းမှု ပ​ပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေး​ဆွေး​နွေး​ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက  ကိုယ်ကာယဥာဏ စွမ်းရည်များဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရေးရည်ရွယ်ကာ စက္ကူပြဇာတ်နှင့် ရုပ်ပုံပြစာအုပ်ဖြင့် ပုံပြင်​ပြောပြခဲ့ပြီး ကဗျာရွတ်၍ ကိုယ်လက်လှုပ်ရှားဆောင်ရွက်မှုများအား ကျောင်းသူ၊ ကျောင်းသားများနှင့် အတူတကွ ဆောင်ရွက်ခဲ့ကြသည်။ ထို့​နောက်ကလေးငယ်များအား စာဖတ်သည့်အလေ့အထများ ရရှိစေရန် စာဖတ်ဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)