အုတ်တွင်း ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ၁၆-၈-၂၀၂၃ ရက်နေ့မွန်းလွဲပိုင်းက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက လူငယ်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ရည်မှန်းချက် စသည့် အကြောင်းအရာများကို ကျောင်းသားလူငယ်များအား ဆွေးနွေးပြောကြားပြီး အင်အား ၃၅ ဦး တက်ရောက်ခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာသော ကျောင်းသားလူငယ်များအား စာကြည့်တိုက်၌ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ပြီး ကျောင်းသားလူငယ်များ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)