ညောင်တုန်းမြို့နယ်၌ သာသနာပြုဆောင်းပါးများ အမှတ်(၈) လူငယ်များအတွက် စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

ညောင်တုန်း  ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာရေးဆရာ မင်းခေါင် (ညောင်တုန်း) ရေးသားသော "သာသနာပြုဆောင်းပါးများ အမှတ်(၈) လူငယ်များသအတွက်"စာအုပ်ဖြင့် ယနေ့  မွန်းလွဲပိုင်းက စာဖတ်ဝိုင်း‌ ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားပြီ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ ဦးစန်းမြင့်နှင့် အဖွဲ့ဝင် စာရေးဆရာ မင်းဝေမှူး၊ ဦးမြင့်ဟန်တို့က ဦးဆောင်၍ "သာသနာပြုဆောင်းပါးများ အမှတ်(၈) လူငယ်များအတွက်" စာအုပ်မှ မိဘကျေးဇူးကို ကျေအောင်ဆပ်ခြင်း၊ အချိန်အခါမဟုတ်ပဲတွန်သောကြက်၊ အသက်တို ကြောင်းနှင့် ရှည်ကြောင်းတရားများ၊ ကျေးဇူးကန်းသော ပုဏ္ဏား စသည့်စာအုပ်ပါ အကြောင်းအရာများကို တက်ရောက်လာသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့‌‌သည်။

ထို့နောက် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်များများဖြင့် စာအုပ်ပြပွဲကို ကျင်းပရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)