ဝါးခယ်မ ဩဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များအား ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံညွှန်ကြားမှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း၊ ကျုံမငေးမြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုးနောင်၊ စည်ပင်သာယာရေးအဖွဲ့၊ စာသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတိုမှပူးပေါင်း၍ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များဖြစ်သော အကယ်ဒမီဆန်စက်၊ အောင်သီရိဆန်စက်၊ သစ်လွင်ဆန်စက်၊ မြန်မာညွန့်ဆန်စက်နှင့် အောင်တက်ခေတ်ဆန်စက်တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအထူးအလေးထားဆောင်ရွက်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေး စစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)