ပန်းတောင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအေးကြိုင် ဦးဆောင်၍ ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်ရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပန်းတောင်း သြဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအေးကြိုင် ဦးဆောင်၍ ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်ရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးအေးကြိုင် ဦးဆောင်၍ မြို့နယ်စည်ပင်သာယာ အမှုဆောင်အရာရှိ ဦးရန်လင်းအောင်နှင့် ဝန်ထမ်းများ လိုက်ပါ၍ ၂၀၂၃/၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်​​သော ဥသျှစ်ပင်မြို့ ရွှေပင် ရပ်ကွက် တမာလမ်းသွယ် (၂)လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် အရှည်ပေ(၉၂၀')ရှိပြီး အကျယ် ၁၂ပေ၊ အမြင့်၈လက်မ၊ ခွင့်ပြုငွေ ကျပ်မှာ( ၄၇.၉၄)သန်းရှိကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)