အင်္ဂပူမြို့နယ်၊ ကွင်းကောက်(အ ထ က) ကျောင်းတွင် လူငယ်နှင့်စကားဝိုင်းကျင်းပ

အင်္ဂပူ  ဩဂုတ်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်(အ-ထ-က)ကျောင်းခန်းမတွင် ဩဂုတ်လ ၁၅ ရက်နေ့၊ နေ့လယ်ပိုင်းက ကျောင်သား/သူများ  ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင့်မားစေရန် ရည်ရွယ်ပြီး  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးအရာရှိ ဒေါ်သီသီရှိန်က   လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားပြီး  လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ  ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိဒေါ်သီသီရှိန်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ငုဝါစိုးတို့နှင့်အတူ  ကျောင်းသား၊ကျောင်းသူများမှ “လူငယ်နှင့်ပညာရေး”၊ “လူငယ်နှင့်မူးယစ်ဆေး”၊ “လူငယ်နှင့်ယဉ်ကျေးမှု”၊ “လူငယ်နှင့်စာပေ” ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးကြသည်။

ထို့နောက်အခမ်းအနားတက်ရောက်လာကြသော ကျောင်းသား/သူများက   ခေါင်းစဉ်ပါဆွေးနွေးချက်များနှင့် ပတ်သက်ပြီး သိရှိလိုသောအချက်များအား မေးမြန်းကြရာ ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၃၅၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)