မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပ

မြင်းမူ ဩဂုတ်လ ၁၇

စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှုသူအချင်းချင်း တွေ့ဆုံကာ စာပေအသိခြင်း ဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည်တိုက်တွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် သုတ/ရသစာပေအပြင်   စာဖတ်သူများလက်တွေ့ အသုံးချ ဆောင်ရွက်နိုင်ရန် အတွက် ပြန်/ဆက်ဦးစီးဌာနက ထုတ်ဝေသည့်  ဒို့ကျေးရွာမွေးမြုရေးနည်းလမ်းကောင်းများ စာအုပ်တွင် ပါရှိသည့် “နွားစာများမှ အစာအဆိပ်ဖြစ်တတ်သည်ကိုသတိပြုစေချင်ခေါင်းစဉ်အား

စာဖတ်သူများကဖတ်ကြားဆွေးနွေးကြရာ  နွားများစားသုံးသော   အပင် /အသီး/ အရွက်များတွင် အဆိပ်များ ပါဝင်တတ်ရာ သတိပြုကျွေးမွေးစောင့်ကြည့်ရန် လိုအပ်ချက်များ၊ အစာအဆိပ်သင့်ခြင်း၏ ကြင်အင်များဖြစ်သည့်   အင်အားချည့်နဲ့ခြင်း၊ လမ်းလျှောက်ရာတွင် ယိမ်းယိုင်ခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ သွားရည်ယိုခြင်း၊ မျက်လုံး၊ ပါးစပ်နှင့် နှာခေါင်းတို့တွင် သွေးခြည်ဥ များပြားလာခြင်းတို့ တွေ့ရှိလာနိုင်ပြိး ယင်းလက္ခဏာပေါ်လာပြီးမှ ဆေးကုသပါကလည်း  သေဆုံးခြင်းဖြစ်တတ်မှုများကြောင့် မိမိအိမ်မွေး ကျွဲ/နွားတို့ကို ဂရုပြုမွေးမြူခြင်း၊   ရောဂါကုသရာတွင်လည်း ကျွမ်းကျင်သည့် တိရိဆ္ဆန်ဆရာများဖြင့် ကုသရန် လိုအပ်ခြင်း စသည့်အကြောင်းအရာများကို  ဖတ်ကြားဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်သူ့စာကြည့်တိုက်သို့ လစဉ် ရောက်ရှိလာသည့် သုတ/ရသစာအုပ်များကို ခင်းကျင်းပြသထားရာ စာပေဝါသနာရှင်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး  လာမည့်စာဖတ်ဝိုင်းတွင် ဖတ်ကြားဆွေးနွေးရန် စာအုပ်အား စုပေါင်းရွေးချယ်ခဲ့ကြသည်။  မြင်းမူမြို့ ပြည်သူ့စာကြည့်တိုက်သည် အသိပညာပေး လုပ်ငန်းများဖြစ်သော စာဖတ်ဝိုင်းများ၊  စာအုပ်ပြပွဲများ၊ (talk show) အစီအစဉ်များကို အပါတ်စဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

အောင်စိုးဖေ (မြင်းမူ)