ကလေးမြို့တွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကလေး ဩဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား ယမန်နေ့နံနက်ပိုင်းက တပ်ဦးသီတာရပ်ကွက်၊ ကားကြီးဝင်းအနီးတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။

အဆိုပါအခြေခံစားသောက်ကုန် ဆန် ၁ ပြည်၊ ဆီ ၁၀ ကျပ်သား၊ ကြက်ဥ ၄ လုံး (အရင်းဈေး ၄၈၁၉ ကျပ်)ပါ  အထုပ် ၁ ထုပ်လျှင် ၃၈၀၀ ကျပ်နှုန်းဖြင့် အထုပ် ၃၀၀ ကို နံနက် ၇ နာရီ ၃၀ မိနစ်မှစတင်၍ ရောင်းချပေးခဲ့ရာ  ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသောကြောင့် ဝယ်ယူသူများမှာ ဝမ်းမြောက်လျက်ရှိကြောင်းသိရသည်။

ထိုသို့တန်ဖိုးသင့် စားသောက်ကုန်များအား မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ပြီး ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/‌ဆက်)