ဖောင်းပြင်မြို့၌ ချင်းတွင်းမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၃) ကျောင်း ယာယီပိတ်ထားရ

ဖောင်းပြင်        ဩဂုတ်        ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် မြို့၏စိုးရိမ်ရေအမှတ် အထက်သို့ရောက်ရှိခဲ့ရာ စာသင်ကျောင်းများအတွင်း ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း (၃) ကျောင်းကို ဩဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။

မြို့၏စိုးရိမ်ရေမှတ်သည် ၁၃၂၅ စင်တီမီတာဖြစ်ပြီး ယမန်နေ့ မွန်းတည့် ၁၂ နာရီ အချိန်တိုင်းထွာ ချက်အရ ၁၃၇၀ စင်တီမီတာသို့ရောက်ရှိနေပြီဖြစ်ကြောင်း မြို့နယ်မိုးလေ၀သနှင့် ဇလဗေဒတိုင်းထွာရေးစခန်းမှသိရသည်။

ဖောင်းပြင်မြို့နယ်(ပြန်/ဆက်)