အထက်မင်းလှ ဩဂုတ် ၁၇
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)မှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲက မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။
အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့ခေါင်းဆောင် လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်ကအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ချက်များ၊ အဂတိကင်းစင်ရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားပြီး မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU)အဖွဲ့ဝင် ဦးစီးအရာရှိ ဦးစန်းမင်းက မြန်မာနိုင်ငံအနေဖြင့် အဂတိတား ဆီးကာကွယ်ရေးပဒေနှင့် ပတ်သက်၍ လေးကြိမ်ထိ ပြင်ဆင်ဖြည့်စွက်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ပြောကြားကာ မြို့နယ်ဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ ဝင်ဒုရဲမှူး ကျော်သန်းထွဋ်က လုပ်ငန်းတာဝန်(၈)ရပ်ရည်ရွယ် ချက်(၃)ရပ်တို့ကို အကျယ်တဝင့် ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အဂတိလိုက်စားမှုတာဆီးကာကွယ်ရေး အဖွဲ့(CPU) အဖွဲ့ဝင်မြို့နယ် ဥပဒေအရာရှိ ကိုယ်စား ဒုမြို့နယ်ဥပဒေအရာရှိ ဦးအောင်သူမြင့်က အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ ဥပဒေကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)အဖွဲ့ဝင် ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက ဝန်ထမ်းတိုင်း လိုက်နာရမည့် အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာပြီး အဂတိကင်းစင်သည့် ဝန်ထမ်းအဖွဲ့အစည်း ဖြစ်လာအောင် စီမံခန့်ခွဲသူများက လိုက်နာ၍ ပြည်သူ့ဘဏ္ဍာ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့သည်။ဆက်လက်၍ မြို့နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)အဖွဲ့ဝင် ဦးစီးဌာနမှူး ဦးမျိုးအောင်က အခွန်(၆)မျိုးနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ စုစုပေါင်းအင်းအား (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)