မအူပင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲ ကျင်းပ

မအူပင် ဩဂုတ် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းပညာရတနာခန်းမတွင် လူငယ်များ အသိပညာ ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁၄ ရက်နေ့  နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းအေးက အဖွင့်အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ထွန်းမှ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအကြောင်းအရာများအား အသိပညာပေးဟောပြော ဆွေးနွေးသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲအား အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ Grade 9 ကျောင်းသား/ကျောင်းသူ (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူလေးများက ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာပေ များအား စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)