လက်ပံတန်း၌ ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေးသင်တန်းပြုလုပ်

လက်ပံတန်း ဩဂုတ် ၁၅

ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုရရှိစေရန်အတွက် ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေးသင်တန်းကို သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ အ.ထ.က (၂) ကျောင်းခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး လူမူဝန်ထမ်းဦးစီးဌာန သာယာဝတီခရိုင် လူမူဝန်ထမ်းရုံးမှဦးစီးမှူး မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်မို့မို့အေးက သင်တန်းဖွင့်လှစ်ရခြင်းများကို ပြောကြားသည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးဘုန်းဝေဦးက ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ဥပဒေအကြောင်းအရာများကို သင်တန်းပို့ချခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက စာဖတ်ရှိန်မြှင့်တင်ရေး အကြောင်းအရာများကို ဆွေးနွေး​ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူလေးများကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့၍ ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းကို ကျောင်းအုပ်ဆရာမကြီး ဒေါ်အိသန္တာနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၀၈) ဦး တက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ မွန်းလွဲ (၃) နာရီချိန်တွင် ကျောင်းသား/ကျောင်းသူများ၏  မိဘအုပ်ထိန်းသူများကို ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)