သာပေါင်း ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး နယ်လှည့်ဟောပြောပွဲကို ယနေ့ ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က လူမှု ဝန်ထမ်းဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က တောင်ကလေးကျေးရွာ၊ တောင်ကလေးကျေးရွာရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး (ဖူးပွင့်ရတနာ) မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
နယ်လှည့်အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ် သွယ်သွယ်အေးက ပြည်သူများအား ဝန်ဆောင်မှု ပေးနေသော ဌာနလုပ်ငန်း(၇)ရပ်မှာ ရှေးဦးအရွယ် ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (Early Childhood Care and Development Programme)၊ ကလေးနှင့်လူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း(Child and Youth Protection and Care Programme)၊အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (Women Protection and Development Programme)၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း (Promoting Decent Life and Care of Person with Disabilities and Elderly)၊ ဖြစ်ရပ်စီမံခန့်ခွဲမှုနှင့် စေတနာ့ဝန်ထမ်းလုပ်ငန်း (Case Management and Volunteer Cooperation Programme)၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း (Grants in Aids to Voluntary Organization)၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း (Social Protection Programme)များအကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေပါ သိကောင်းစရာများအား အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက “ယခင်ကစာမတတ်သူ ပပျောက်ရေးလုပ်ခဲ့ရပြီး၊ ယခုအချိန်ကာလမှာတော့ စာမဖတ်သူ ပပျောက်ရေးအတွက် ဟောာပြောပွဲများ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ စာမဖတ်သည့်အတွက် အသိပညာ၊ ဗဟုသုတရရှိမှု အားနည်းပြီး အမှား/အမှန် ခွဲခြားနိုင်မှု မရှိပဲ ပြောသမျှ ယုံကြည်မိမှာဖြစ်ပါကြောင်း၊ ဒါ့ကြောင့် မိမိတို့ရဲ့ ရင်သွေးငယ်များကို အဲ့ဒီလိုမဖြစ်အောင် ယခုကတည်းက စာဖတ်သည့် အလေ့အကျင့်ဖြစ်အောင် မိဘတွေအနေနဲ့ လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း”စသည်ဖြင့် စာတတ်ပြီး စာဖတ်ကြရန် တိုက်တွန်းနှိုးဆော် အသိပညာပေး ပြောကြားခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (ပြန်/ဆက်)