ပေါင်းတည်၌ ကျောင်းတွင်း ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် အာဟာရအုပ်စု ရှင်းလင်းပြသခြင်းပြိုင်ပွဲ ကျင်းပ

ပေါင်းတည် သြဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကျောင်းတွင်းကျန်းမာရေး သီတင်းပတ် လှုပ်ရှားမှု အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် အာဟာရအုပ်စု ရှင်းလင်းပြသခြင်း ပြိုင်ပွဲကို ယမန်နေ့က အခြေခံပညာ အထက်တန်းကျောင်း (မြို့မ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ​ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖော၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းချစ်၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးအာဂျူး၊ အ.ထ.က (မြို့မ) ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ဌေး၊ မြို့နယ်မိခင်နှင့်ကလေးစောက်ရှောက်ရေး၊ အမျိုးသမီးရေးရာ အသင်းအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲသည် ကျောင်းတွင်း အထက်တန်းဆင့် ကျောင်းသား၊ကျောင်းသူ ၄ ဦးက အသင်း ၄သင်း ကိုယ်စားပြု၍ ခင်းကျင်းပြသထားသော အစားအစားများကို ပြသကာ အာဟာရ အုပ်စုဝင် အစားအစာများအကြောင်း အသေးစိတ်ရှင်းလင်းပြသနိုင်မှု ကျန်းမာရေး အသိပညာစွမ်းရည်ကို အသင်းလိုက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲမှ ဆုရရှိသူများကို တာဝန်ရှိသူများက အသီးသီး ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)