သာပေါင်း ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ ဩဂုတ်လ ၁၃ ရက်နေ့၊နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ဆက်လက် ထုတ်ချေးပေးနေလျက်ရှိသည်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မန်နေဂျာဒေါ်မြင့်မြင့်သန်းက တောင်သူများအား မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေများကို တစ်ဧကလျှင်ကျပ်တစ်သိန်းခွဲနှုန်း၊ တစ်နှစ် ၅% အတိုးဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေးထုတ်ချေးပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာသုံးစွဲစေရေးတို့ကို ရှင်းလင်းမှာကြားခဲ့ပြီး ရွှေညောင်ပင် ကျေးရွာအုပ်စု၊ရွှေညောင်ပင်ကျေးရွာမှ မိုးစိုက်ပျိုးစရိတ်ချေးငွေကြွေးကျေပြေ တောင်သူ (၁၃၂) ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၉၈၃) ဧကအတွက် တစ်ထောင်လေးရာခုနှစ်ဆယ့် လေးသိန်း ငါးသောင်းကျပ်တို့ကို မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေတောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။
နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီး ရရှိစေရေးအတွက် နှစ်စဉ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား မေလမှ စက်တင်ဘာလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ယခင်နှစ်ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့်လည်း အချိန်မီပေးဆပ်ပြီးသည့် တောင်သူများနှင့်ကိုဗစ် ချေးငွေပါ ပြေကြေပြီးသည့် တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် ကျေးရွာအုပ်စု(၆၈)၊ စိုက်ပျိုးဧက(၃၆၅၀၀)၊ ချေးငွေ (၅၄၇၅၀၀၀၀၀၀) ကို ထုက်ချေးပေးထားရန် လျာထားပြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်မြင့်မြင့်သန်းထံမှ သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)