ဝေါမြို့နယ်ဆပ်သွားခြုံကျေးရွာ အ.ထ.က (ခွဲ) ကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဝေါ သြဂုတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ဆပ်သွားခြုံကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းကို ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ပေးခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိဦးဝင်းနိုင်နှင့် မြို့နယ်အမျိုးသမီးကျန်းမာရေး ဆရာမဒေါ်မေဇင်ထိုက်တို့က ကျောင်းကျန်းမာရေးစစ်ဆေးကုသပေးခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်း ပြောကြားသည်။

အဆိုပါ ကျောင်းကျန်းမာရေးစစ်ဆေးကုသပေးခြင်းကို အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသော ကျောင်းသား/ ကျောင်းသူများKGမှ Grade (12) အထိ အထွေထွေကျန်းမာရေး စောင့်ရှောက်ကုသစစ်ဆေးခြင်းလုပ်ငန်းကို ဝေါမြို့နယ်တိုက်နယ် ကျန်းမာရေးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိဦးဝင်းနိုငနှင့် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မေဇင်ထိုက်နှင့် ကျန်းမာရေးဝန်ထမ်းဒေါ်အေးအေးငြိမ်း၊ ဦးဇင်ကိုကျော်တို့က ကျောင်းသား၊ကျောင်းသူများအား  ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

အောင်မြတ်လင်း (ပြန်/ဆက်)