ရွှေတောင် ဩဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ အ.မ.က (နွားမယံ)နှင့် အ.မ.က (ပုတ္တန်း) ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးဇင်ဝင်းကိုက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်နှင့်စာပေ၊ လူကုန်ကူးမှုတားဆီးရေး အသိပညာပေး အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့်က စားသုံးသူများ၏ အခွင့်အရေးများ၊ စားသုံးသူနှင့် ပတ်သက်သော ကုန်ညွှန်းအမှတ်အသား (၈)ချက်၊ မြို့နယ်တိုင်းရင်းဆေးကုဌာန ၊လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်ဇာဇာအောင်က မျက်လုံးကျန်းမာရေးနှင့် သုံးစွဲရမည့် တိုင်းရင်းဆေးဝါးများ အကြောင်း အသိပညာပေး ဟောပြောခဲ့ကြပြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက "အားကစားပြုလုပ်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုး ကျေးဇူးများ " ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူလေးများကို မြန်မာ့သိုင်းအားကစား သရုပ်ပြလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ဒု-ဦးစီးမှူး ဒေါ်နွေးဒါလီနိုင်က " အိုးကလေးနှစ်လုံး" ခေါင်းစဉ်ဖြင့် ပုံပြင်များပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များ ဖတ်စေခြင်းနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပ ပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကျောင်းသား ၊ကျောင်းသူလေးများကို ဆေးဝါးများ ကုသပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ( ပြန်/ဆက်)