ဓနုဖြူ ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ အမှတ်စဉ်(၁/၂၀၂၃) ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၃၃)စက်မှုလယ်ယာစခန်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးသန်းဇော်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မအူပင်ခရိုင်၊ အမှတ်(၅)အလတ်စား စက်ပြင်အလုပ်ရုံစက်ရုံမှူး ဦးစိုးနိုင်လင်းမှ သင်တန်းအထောက်အကူပြု စာအုပ်များကို သင်တန်းသားများအား ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းအား ဩဂုတ်လ (၁၄)ရက်နေ့မှ (၂၅)ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ သင်တန်းသား (၃၀)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနရုံးမှ သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)