မင်းလှ ဩဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမူနှင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းထူးချွန်ဆုပေးအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီချိန်က အ-ထ-က မင်းလှ(မြို့တွင်း) ကျောင်း သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်မြင့်မြင့်အေးက အမှာစကားပြေကြားပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမူများ ဆောင်ရွက်ရခြင်းအကြောင်း ပြောကြားသည်။
ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမူအထိမ်းအမှတ်အဖြစ် ကျန်းမာရေးအဆင့်မြှင့် ကျောင်းထူးချွန်ဆုရရှိသော အ-ထ-က မင်းလှ၊ အ-ထ-က(ခွဲ)ကိုင်းပြင်ကြီး၊ အ-မ-က(လွန်)ဆင်အိုင်ရွာမတို့နှင့် (ထက်၊ လယ်၊ မူ)အဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများကို တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူလေးများကို ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ကိုယ်အလေးချိန်နှင့် အရပ်အမြင့်တိုင်းခြင်း၊ လက်ဆေးနည်းများသင်ကြားခြင်း၊ တစ်ကိုယ်ရည်ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကုသပေးခြင်း၊ မျက်စိစစ်ဆေးခြင်း၊ သွားနှင့် ခံတွင်းစစ်ဆေးကုသပေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ သွားတိုက်တံများဝေငှပေးခြင်း၊ နံရံကပ်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)