နတ်တလင်းမြို့နယ်၌ အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်

နတ်တလင်း ဩဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကိုယ်ဝန်ဆောင်မိခင်များအား အသိပညာပေးဟောပြောခြင်းနှင့် အာဟာရထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးအေးသန့်က အဖွင့်အမှာစကားပြောကြာပြီး၊ ကျန်းမာရေးမှူးအဆင့်(၁)ဒေါ်ရီရီမြင့်က ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အိုင်အိုဒင်းဓာတ် အရေးပါပုံနှင့် စားသုံးသင့်သည့် အာဟာရပြည့်ဝသည့် အစားအစာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝင်းမာနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငုံဖူးဝေမြင့်တို့မှ  အာဟာရအုပ်စု (၃)စုအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ကိုယ်ဝန်ဆောင်မိခင်များအား ကြက်ဥ၊ အိုင်အိုဒင်းဆားနှင့် ကိုယ်ဝန်ဆောင်အားဆေးများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဝေယံဖြိုး(ပြန်ဆက်)