ဒိုက်ဦး ဩဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေလင်းဦးနှင့် ဝန်ထမ်းများသည် ယနေ့နံနက် ၉ နာရီ အချိန်က ဒိုးတန်းကျေးရွာအုပ်စု၊ (အ.လ.က-ခွဲ) သပြေတောကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှား အားကစားနည်း (Fitness Dance)သင်ကြားပို့ချခဲ့သည်။
အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ဦးစီးအရာရှိက လူငယ်နှင့်ခေါင်းဆောင် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အား/ကာသိပ္ပံကျောင်းအကြောင်း သိကောင်းစရာများအကြောင်းကို လည်းကောင်း ဟောပြောပြီးနောက် ဝန်ထမ်းများက ကျောင်းသား/သူများအား ကျန်းမာရေးနှင့် ပတ်သက်သည့် ကိုယ်လက်လှုပ်ရှား အားကစားနည်း (Fitness Dance) ပေးလျက်ရှိကြောင်းသိရသည်။
ကျောင်းသားလူငယ်များအား ကစားကိုစိတ်ပါဝင်စားလာစေရန်၊ အားကစား၏အကျိုး ကျေးဇူးကိုသိရှိပြီး ပုံမှန်အားကစားလေ့ကျင့်မှုများ ပြုလုပ်နိုင်ကြစေရန်၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများအကြောင်း သိရှိပြီးမျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးစီးအရာရှိက ပြောကြားခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)