ငရုတ်ကောင်း ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ အခြေခံစားသောက်ကုန်များအား ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ငရုတ်ကောင်းမြို့ ဌာနဆိုင်ရာများမှ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ငရုတ်ကောင်းမြို့ အမှတ်(၂)ရပ်ကွက်တွင် ရောင်းချပေးခဲ့သည်။
အခြေခံစားသောက်ကုန် ရောင်းချပေးခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦး၊ မီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသူရအောင်၊ ငါးလုပ်ငန်းမှဦးစီးဌာနမှ ဦးစီးမှူးဦးအောင်ခိုင်စိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကျော်မာလာလွင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများတို့က ပြည်သူများအား ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ကြက်ဥတစ်လုံးလျှင် (၂၅၀) ကျပ်နှုန်းဖြင့် အလုံး(၃၀၀)၊ ဝက်သား(၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်နှုန်းဖြင့် (၃၀)ပိဿာ၊ စားအုန်းဆီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် (၁၀)ပိဿာတို့အား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)