ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများလှူဒါန်း

ပဲခူး      အောက်တိုဘာ  ၁၄

 ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးအထောက်အကူပြု ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပဲခူးတပ်နယ်ရှိ ရန်ငြိမ်းအေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။

 အဆိုပါအခမ်းအနားသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များနှင့် ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်၊ ပဲခူးမြို့အထွေထွေ ရောဂါကုဆေးရုံကြီးမှ ‌ဒုတိယဆေးရုံအုပ်​ကြီး ဒေါက်တာသူဇာအောင်တို့တက်ရောက်ပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်းက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 ထို့နောက် တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်း များဖြစ်သည့် Oxygen Concentrator ၁ လုံး၊ Face Mask ၂၀၀၀ ခု၊ Hand Gel ၁ ဖာ၊ Hand Sanitizer ၁ ဖာ၊ ကြက်ဥအလုံး ၅၀၀ ၊ စည်သွပ်ဘူး ၁ ဖာ၊ ဂျုံခေါက်ဆွဲ ၄ ဖာနှင့် စားသောက် ဖွယ်များကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှဌာနမှူး ဒေါက်တာ ရန်နိုင်မောင်က လက်ခံရယူ ပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။

 ယင်းနောက် ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီး၌ သွေးလိုအပ်ချက်အား အထောက်အကူဖြစ်စေရန် တိုင်းစစ်ဌာနချုပ်မှ အရာရှိစစ်သည်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်စုစုပေါင်း(၄၀)ဦးတို့က သတ်မှတ် နေရာ အသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။

 တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း နေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး သွေးလှူရှင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)