၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်မည့် အထူးရဲတပ်ဖွဲ့ဝင်များအား နယ်မြေရဲစခန်းတွင် သင်တန်းဖွင့်လှစ်ပို့ချ

ကမမောင်း အောက်တိုဘာ ၁၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းနယ်မြေရဲစခန်းတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် အထူးရဲတပ်ဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိရာ စခန်းမှူးရဲအုပ်ထွန်းထွန်းဝင်းနှင့် ဒုတိယရဲအုပ် ရန်နောင်စိုး တို့က သင်ခန်းစာများကို သင်ကြားပို့ချလျက်ရှိသည်။

ကမမောင်းမြို့ရှိ မြို့ပေါ်ရပ်ကွက်(၄)ခုတွင် မဲရုံ(၆)ရုံ၊ ကျေးရွာအုပ်စု(၃)အုပ်စုတွင်မဲရုံ(၃)ရုံ၊ စုစုပေါင်းမဲရုံ(၉)ရုံတို့၌ တာဝန်ထမ်းဆောင်ကြရမည့် အထူးရဲတပ်ဖွဲ့ဝင်(၉)ဦးတို့အား စစ်ရေးပြ ဘာသာရပ်၊ ရာဇသတ်ကြီးဥပဒေဘာသာရပ်နှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဘာသာ ရပ်များကို သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ အထူးရဲသင်တန်းကို အောက်တိုဘာလ (၁)ရက်နေ့မှ (၂၈) ရက်နေ့အထိ သင်တန်းဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)