လဟယ် အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာဖြန့်ဝေခြင်းကို မြို့နယ်ကော်မရှင်အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းက လဟယ်မြို့ ယာယီဈေး၊ လူစည်ကားရာနေများ၊ ဈေးဆိုင်များနှင့် မြို့ပေါ် ရပ်ကွက်များသို့ ဖြန့်ဝေခဲ့ကြောင်း သိရပါ သည်။
အဆိုပါ လက်ကမ်းစာစောင် ၊ပိုစတာများတွင် သင့်အမည်မဲဆန္ဒရှင်စာရင်းမှာ ပါ မပါ စစ်ဆေးပြီးပြီလား၊ ဖြည့်စွက်ရန်လိုအပ်မည့် ပုံစံများ၊ မဲစာရင်းစစ်ပါ၊ သွားရောက်ဆန္ဒမဲ ပေးပါ၊ အတူတကွမဲပေးကြပါစို့ စသော အကြောင်းအရာများနှင့် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးဆိုင်ရာအသိပညာပေးပိုစတာများ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ရှားဆက်(လဟယ်၊ပြန်ဆက်)