ကန့်ဘလူ ဩဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ဩဂုတ် ၁၀ ရက်နံနက် ၉ နာရီခွဲက ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်များမှ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ တက်ရောက်ကြကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး တက်ရောက်လာကြသော ကိုယ်ဝန်ဆောင် မိခင်များအား ကြက်ဥနှင့်အိုင်အိုဒင်းဆား၊ နို့တိုက်မိခင်များအား ကြက်ဥနှင့်မာတီဗိုက်တာ (Multivita) အားဆေး၊ ၅ နှစ်အောက်ကလေးများကို မာတီဗိုက်တာအားဆေးနှင့်ပဲနို့၊ ၅ နှစ်အထက်ကလေးများကို နှစ်သိန်းအား ဗိုက်တာ မင်အေ၊ ခြောက်လမှ တစ်နှစ်ထိကလေးငယ်များကို ၁ သိန်းအား ဗိုက်တာမင်အေ၊ ၂ နှစ်မှ ၅ နှစ်ထိကလေးများကို သန်ချဆေး၊ ၂ သိန်းအားဗိုက်တာမင်အေနှင့် Albendazole ဆေးများ ထောက်ပံ့တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)