ကျွန်းစုမြို့တွင် လမ်းသွားလမ်းလာပြည်သူများနှင့် ဈေးရောင်း၊ ဈေးဝယ်များအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ကျွန်းစု စက်တင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ် တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း လမ်းသွားလမ်းလာ ပြည်သူများ ပေါ့ဆနေမှုများ မရှိစေရေးအတွက် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေးနှင့် မြို့မဈေးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လမ်းသွားလမ်းလာ ပြည်သူများ နှင့် မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်များအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)