တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ ပုသိမ်မြို့နယ်အတွင်းရှိ ဖွင့်လှစ်လျက်ရှိသော အထူးရဲသင်တန်းများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့

ပုသိမ်  အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့၊တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်းသည် ယမန်နေ့ နေ့လည် နာရီက ပုသိမ်မြို့၊ အမှတ်()ရပ်ကွက်ရှိ တဂေါင်းမင်္ဂလာမဟာစေတီတော်မြတ်ကြီးဝန်းအတွင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် အထူးရဲသင်တန်းအား လည်းကောင်း၊ နာရီတွင် အမှတ်() ရပ်ကွက်ရှိ အထက()ကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် အထူးရဲသင်တန်းတို့အား လည်းကောင်း သွားရောက်၍ အုပ်ချုပ်မှုကိစ္စများ အဆင်ပြေမှု ရှိ/မရှိ၊ ချက်ပြုတ်၊ ကျွေးမွေးမှု၊ အိပ် ဆောင်၊ သင်တန်းခန်းမ၊ ရေ၊ မီးရရှိမှုနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ သင်ကြားပို့ချမှု ရှိ/မရှိ တို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိသည်။

တဂေါင်းမင်္ဂလာမဟာစေတီတော်မြတ်ကြီးဝန်းအတွင်း၌ သင်တန်းသား ၈၂ ဦး၊ အထက ကျောင်း၌ သင်တန်းသား ၃၀ဦး တက်ရောက်လျက်ရှိပြီး အောက်တိုဘာ ၂၈ ရက်နေ့တွင် သင်တန်းပြီးစီး မည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)