ကန်ကြီးထောင့်မြို့၌ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့်‌ ဈေးဆိုင်များ စည်းကမ်းချက်များ နှင့်အညီရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကန်ကြီးထောင့်   အောက်တိုဘာ    ၁၄

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့်ဈေးဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိကို ပူးပေါင်းအဖွဲ့မှ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်စုံ ဦးဆောင်သည့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် စေတနာ့ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များအတွင်း ဖွင့်လှစ် ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ/မရှိ၊ လမ်းဘေးဈေးဆိုင်များနှင့် အိမ်ဆိုင်များ သတ်မှတ်အချိန်အတွင်း၌သာ ရောင်းချမှု ရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ တို့ကို လိုက်လံ စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် စည်းကမ်းချက်များအား အလေးထား လိုက်နာဆောင်ရွက်ကြရန် ဆိုင်ပိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)