၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများ အကောင်ထည်ဖော်ရေးဆွဲနိုင်ရေး အစည်းအဝေးပြုလုပ်

နတ်တလင်း      ဩဂုတ်     ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများ အကောင်ထည်ဖော်ရေးဆွဲနိုင်ရေး အစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ (မြို့နယ် အုပ်ချုပ်ရေးမှူး) ဦးကျော်ကျော်ဦး က  မိမိဒေသအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအထိ ရည်မှန်းချက် တစ်ခုချင်းအပေါ်လိုအပ်သော လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းအချိန်ဇယားများ စီမံချက်ရေးဆွဲကာ စနစ်တကျ ကြိုးပမ်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားပြီး၊ ဆက်လက်၍ အတွင်းရေးမှူး (မြို့နယ်စီမံကိန်းဦးစီးမှူး) ဒေါ်‌စောသန္တာမျိုးက ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၏ ကဏ္ဍများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နတ်တလင်းမြို့နယ်၏ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်ဒေသန္တရစီမံကိန်း ရည်မှန်းချက်ပါ လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးများအား ပြည်ထောင်စုအဆင့် ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်မည့်ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများ ဆွေးနွေးခြင်းကို မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိဌာနအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများအား တင်ပြဆွေးနွေးရာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး က လိုအပ်ချက်ရှိသည်များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)