ပုသိမ် ဩဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပျဉ်းကတိုးကုန်းကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဩဂုတ်လ ၉ ရက်နေ့ ညနေပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုနှင့် ပုသိမ်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီအဖွဲ့၀င်များ၊ ပုသိမ်ခရိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့၀င်များ၊ မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့၀င်များသည် ပျဉ်းကတိုးကုန်းကျေးရွာရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူ ဦးအေးကြွယ်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေ (၁)ဘီလီယံဖြင့် ချေးငွေယူ ဆောင်ရွက်သည့် အသားတိုး၀က် (၃၀)ကောင် မွေးမြူရေးလုပ်ငန်းနှင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ (၁)ဘီလီယံဖြင့် ချေးငွေယူဆောင်ရွက်သည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးပြီးစီးမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များအား မှာကြား ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ စိုက်ပျိုးရေးဦးစီးဌာနဂိုဒေါင်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့စုဆောင်းထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဟန်