ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြိုင်ပွဲများ ဆောင်ရွက်

ပိုင်ကျုံ  သြဂုတ်  ၁၁

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသားလူငယ်များ ကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် ဉာဏစွမ်းရည်တိုးတက်လာစေရန်အတွက် သြဂုတ်လ ၉ ရက်နေ့တွင် ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့သည်။

ရှေ့ဦးစွာ မြို့ဦးစီးမှူး ဒေါ်‌နော်ခူးခူးက ပြိုင်ပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စည်းမျဉ်း စည်းကမ်းကိုရှင်းလင်းပြောကြားပြီး ပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား လူငယ်တို့ကို သင်္ချာဉာဏ်စမ်းပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသားလူငယ်များနှင့် ဆုရရှိသူများကို မြို့ဦးစီးမှူးက မုန့် ကျောင်းသုံးဗလာစာအုပ် ခဲတံနှင့် ဘောပင်ပေးအပ်ခဲ့ပြီး ပြိုင်ပွဲကို  အပတ်စဉ်ကျောင်း ပိတ်ရက်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)