မယ်စဲ့ အောက်တိုဘာ ၁၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ရွေးကောက်ပွဲကာလအတွင်း မဲရုံများ လုံခြုံရေးစနစ်ကျစွာ ဆောင်ရွက်နိုင်ရေးနှင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက မဲရုံများ လုံခြုံရေးကောင်းမွန်စွာ ဆောင်ရွက်နိုင်စေရေးနှင့် တာဝန်ကျ ဆရာ၊ ဆရာမများ နေရာတကျ ဆောင်ရွက်ရေးနှင့် မြို့နယ်/ ရပ်ကွက်/ကျေးရွာအုပ်စု လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်းမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့မစခန်းမှူး ဒုရဲမှူဇော်မိုးဝင်းက မဲရုံများတွင် လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးဝင်းကျော်မြင့်ဦးက ရွေးကောက်ပွဲ ဆိုင်ရာအကြောင်းအရာများ ဆွေးနွေး ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများက မဲရုံများ၏ လိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
စိုင်းလျှမ်း(ပြန်/ဆက်)