မင်းကင်း အောက်တိုဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့တွင် မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ CERP အစီအစဉ်အရ ဆောင်ရွက်ထားသော မိုးစပါးဆင်း သုခမျိုးစေ့ထုတ်ကွက်များ အထွက်နှုန်းကောင်းမွန်စေရန်အတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ပြီး ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြစ်ရိုးအထက် တာဝန်ခံလက်ထောက်ဉီးစီးမှူး ဉီးကျော်ဝင်းနှင့်ဝန်ထမ်း များက အူကျေးရွာအုပ်စု တောင်သူဉီးအောင်ကျော်မိုး၏ တင်စကားမျိုးစေ့ထုတ်ကွက်များတွင် ကွင်းဆင်း စစ်ဆေးပြီး တောင်သူများနှင့်အတူ ပေါင်းမြက်ရှင်းလင်းခြင်း၊ ပထမအကြိမ် Field Inspetion နှင့် ပိုးမွှား ရောဂါစစ်ဆေးခြင်း၊ မျိုးကွဲတွေ့ရှိကနုတ်ပယ်ခြင်း၊ သဘာဝပိုးသတ်ဆေးကို ပြုလုပ်သုံးစွဲ တတ်သည့် အလေ့အထကောင်းများရရှိလာစေရေး အသုံးပြုနည်းအကြောင်းများ၊ စပါးသီးနှံများ ထွက်ချိန် ရောက်နေ ပြီဖြစ် ၍ ပိုးမွှားကျရောက်မှုရှိပါက အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ရန် အတွက် စိုက်ခင်းစိုက်ကွက်များအား နေ့စဉ်စောင့်ကြည့်ရန်နှင့် မလိုအပ်ပဲ ဓာတုပိုးသတ်ဆေး ဖျန်းခြင်း များ မပြုလုပ်ကြရန် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကိုအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြသည်။
အလားတူပင် မြို့နယ်ဒေသခွဲ(၅)ခု၌ Field Inspetion Camping ကို တာဝန်ကျ လက်ထောက် ဦးစီးမှူးများနှင့် ဝန်ထမ်းများကလည်း ပြုလုပ်ခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးမှ သိရသည်။
လှငွေ(မင်းကင်း)