လေးမျက်နှာ အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် (Cash for work)စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ကျေးရွာများသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူးဦးစိုးကျော်သူနှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်ကျေး/လက်ဦးစီးမှူး ဦးစိုးကျော်သူနှင့် စီမံကိန်း တာဝန်ခံ အင်ဂျင်နီယာများက Covid-19 စီးပွားရေး ကုစားမှုအစီအစဉ်အရ (Cash for work) စီမံကိန်းလုပ်ငန်းများ အကော်အထည်ဖော်ဆောင် ရွက်နေသည့် လေးမျက်နှာမြို့နယ်၊ ရှားဖြူကျင်းကျေးရွာအုပ်စု ရှားဖြူကျင်းကျေးရွာ ရွာအဝင်လမ်း ကွန်ကရစ်ဘီးလမ်း ခင်းခြင်းလုပ်ငန်းနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများအား အရည်အသွေးကောင်းမွန်ပြီး စံချိန်စံညွှန်းများ ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)