ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့က ရေဘေးသင့်ပြည်သူများအား ဆန်နှင့်အသင့်စားဒန်ပေါက်များ ထောက်ပံပေးအပ်

မင်းပြား သြဂုတ် ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် လေးမြို့မြစ်ရေကြီးမှုကြောင့်နေအိမ်များ ရေမြုပ်ပြီးရေဘေးလွတ်ကင်းရာဘုန်းတော်ကြီးကျောင်း၊ဓမ္မာရုံများတွင်ခေတ္တခိုလှုံခဲ့ရသည့်ရေဘေးသင့်ပြည်သူများအား ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့က ဆန်၊အသင့်စားဒန်ပေါက်၊မာမီးခေါက်ဆွဲခြောက်များအားပေးအပ်ပွဲကို သြဂုတ် ၉ ရက် နေ့လည်က ဓမ္မမေတလင်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မင်းပြားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ရေဘေးသင့်ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ပြီး မင်းဘာကြီးရပ်ကွက်ရှိ ရေဘေးသင့်ဒေသခံပြည်သူများအတွက် ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကထောက်ပံ့သည့် ပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးစိုးမိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကရေဘေးသင့်အိမ်ထောင်စု (၂၁၄၆) စု၊ အိမ်ခြေ (၂၁၄၆) အိမ်၊ လူဦးရေ (၁၀၁၁၂) ဦးအတွက်တစ်နေ့လျှင်နို့ဆီဗူး (၂) ဗူးနုန်းဖြင့် (၃) ရက်စာ ဆန်ရိက္ခာနှင့် အသင့်စားဒန်ပေါက်၊ မာမီးခေါက်ဆွဲခြောက်များကို ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲကြောင်း သိရသည်။

သောင်းရွှေ (ပြန်ဆက်)