လက်ပံတန်းမြို့နယ် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်

လက်ပံတန်း ဩဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အိမ်ထောင်စုများအား စားနပ်ရိက္ခာအဆင်ပြေစေရန်အတွက် သာယာဝတီခရိုင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့သည်။

ဩဂုတ်လ ၈ ရက် ညပိုင်းက  မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နဘဲကွင်းကျေးရွာအုပ်စုတွင် ပြိုလဲနေအိမ် (၃၉)လုံး၊ အမိုးလန်အိမ် (၄၉)လုံးအတွက် ဆန်ရိက္ခာ နှင့်အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ စုစုပေါင်း (၄၆၀၅၄၀၀/-)ကျပ်၊ ဘုန်းတော်ကြီးကျောင်း အတွက် (၅၀၀၀၀/-)ကျပ်၊ မြင်ကဝကျေးရွာအုပ်စုအတွက် ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ စုစုပေါင်း(၄၅၀၄၀၀/-)ကျပ်၊ ဆင်တလင်း ကျေးရွာအုပ်စုအတွက် ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေ စုစုပေါင်း (၂၃၁၅၀၀/-)ကျပ်၊ ကိုင်းတောစုကျေးရွာအုပ်စုအတွက် ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ စုစုပေါင်း (၆၂၃၅၀၀/-) ကျပ်၊ ဂွေးတောက်ကွင်းကျေးရွာအုပ်စုအတွက် ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ စုစုပေါင်း(၅၇၅၉၀၀/-)ကျပ်အား သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်း၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ သာယာဝတီခရိုင်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းမာနှင့် တာဝန်ရှိသူများက  လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)