ပေါင်းတည် သြဂုတ် ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်လှိုင်နှင့်အဖွဲ့သည် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့တို့လိုက်ပါလျက် ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုကို ပန်းတိုင်အထွက်နှုန်း တစ်ဧက စပါးတင်း ၁၀၀ နှင့်အထက်ထွက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကြီးကြပ်လျက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့သည် တောင်သူများနှင့် အမြဲမပြတ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် လယ်ယာကဏ္ဍ၌ စပါးအထွက်နှုန်းတိုးတက်မြင့်မားလာစေရန် စိုက်ပျိုးသူတောင်သူများအား ဘက်ပေါင်းစုံမှ ကူညီဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် ယခုနှစ်တွင် မြို့နယ်အတွင်း မိုးရာသီ စပါး ၇၃၅၁၄ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။
ယနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့သည် ကြူတောကန်ကျေးရွာအုပ်စု၊ ကြူတောကန်ကျေးရွာ၊ အကွက်အမှတ် ၁၀၉၃၊ တောင်သူဦးစိန်ထွန်း၏ ၃ ဧက စိုက်ပျိုးခင်း၌ ရက် ၃၀ သက်တမ်းရှိနေပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသော ရက် ၉၀ စပါးပင်များကို ကြည့်ရှုအားပေးခဲ့ကြကာ တာဝန်ရှိစိုက်ကွင်းကြီးကြပ်ဝန်ထမ်းများနှင့် တောင်သူများအား လယ်ယာလုပ်ငန်းအဆင့်ဆင့်ကို ဂရုတစိုက်ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက် )