အမာမြို့အတွင်း ကျေးရွာများ၌ စပါးမျိုးနှုတ် အငှားလိုက်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေ

အမာ သြဂုတ် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌  ၂၀၂၃ ခုနှစ် စိုက်ပျိုးချိန်ကာလ စိုက်ပျိုးရေးလုပ်ငန်း အခြေခံသည့် ကျေးရွာများတွင်  ယခုနှစ် မိုးသီးနှံ စိုက်ပျိုးချိန် ကာလတွင် နေ့စဉ် တောင်သူလုပ်ငန်းများ လုပ်ကိုင်သဖြင့် နေ့စားအငှားလိုက်သူနှင့် မျိုးစပါး နှုတ်သူများ ဝင်ငွေ ရရှိနေကြောင်း မျိုးနှုတ်အငှားလိုက်သူထံမှ သိရသည်။

မိုးတွင်း အချိန်အခါတွင် စပါးများ စိုက်ပျိုးကြသောကြောင့် နေ့စဥ်နေ့စား အငှားလိုက်သူများအနေဖြင့် တစ်ရက်လျှင် နေ့စားခ ၈၀၀၀ ကျပ်ရရှိပြီး၊ စပါးမျိုးနှုတ်လိုက်သူများနေဖြင့် မျိုးပေါ တစ်ပေါလျှင် ၂၀ ကျပ် မျိုးတစ်ရာလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် မျိုးနှုတ်အငှားလိုက် လျက်ရှိပြီး မျိုးနှုတ်အငှားလိုက်သူများအနေဖြင့် တစ်ရက်လျှင် မျိုးပေါ ၈၀၀ ရရှိ၍ ၁၆၀၀၀ ကျပ်ခန့် ဝင်​ငွေ ရရှိနေသောကြောင့် မျိုးနှုတ်အငှား လိုက်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်အောင်