အောင်လံမြို့၌ ဥပဒေအကြောင်း သိကောင်းစရာ ဆွေးနွေးပွဲ ကျင်းပ

အောင်လံ ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဥပဒေနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် ၁ နာရီက အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၊ အ.ထ.က (၁) ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ဒုမြို့နယ်ဥပဒေအရာရှိ ဦးတင်ဆန်းဝေက ကျောင်းသား၊ကျောင်းသူများကို ဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာများ အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးသိန်းက လူငယ်နှင့်စာဖတ် ခြင်း  အကျိုးကျေးဇူးအကြောင်း၊ ဒုရဲမှူးဦးသိန်းနိုင်မှ မှုခင်းနှင့် ဥပဒေများအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)