လဟယ် ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်ထိ ကိုဗစ်-၁၉ရောဂါ (Sinopharm) ကာကွယ်ဆေးပထမအကြိမ်ထိုးနှံခြင်းကို ယမန်နေ့နံနက် (၁၀)အချိန်တွင် လဟယ်မြို့ အ.ထ.ကကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် အသက်(၅)နှစ်မှအသက် (၁၂)နှစ်ထိ တစ်ကြိမ်မျှ မထိုးရသေးသော KG တန်းမှ ကလေးသူငယ်(၁၂၉)ဦးကို ကျောင်းအခြေပြုစနစ်ဖြင့် ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ သိရှိရပါသည်။
(မြို့နယ် ပြန်/ဆက်)