လဟယ် ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာ မိုးပန်းမွန် (ရာမည)ရေးသားသော ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂါတ် လူငယ်တို့အတွက် အတွေးစာစုများ ခေါင်းစဉ်ဖြင့် စာဖတ်၀ိုင်းကို ယနေ့နံနက် (၀၉:၀၀) နာရီအချိန် အဆိုပါ ခန်းမတွင် ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို လဟယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းမဉ္ဇူအေးက ရှင်းပြဆွေးနွေးပါသည်။
ထို့နောက် လဟယ်မြို့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၊သာသနပါလကျောင်းမှ အထက် တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၁၀)ဦးတို့က စာရေးဆရာမိုးပန်းမွန် (ရာမည )ရေးသား သောရွှေရောင်လူငယ်နှင့်ရွှေရောင်အနာဂါတ် လူငယ်တို့အတွက်အတွေးစာစု စာအုပ်ကို မသင်းရနှံ့မြင့်၊ မောင်ကျပုလန်ပါ၊ မောင်သူရအောင်၊ မညီကီခါးလစ်တို့က အသီးသီးဖတ်ကြား ဆွေးနွေးခဲ့ပါသည်။
ပါမင်းလိုင် (လဟယ်)