ငပုတော သြဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဖျန်ရေကျော်ကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုများ ရယူဆောင်ရွက်သည့် ကွင်းအမှတ် (၁၃၇၂)(က)၊ ဦးပိုင်အမှတ် (၁၁/၈) တောင်သူဦးသိန်းထွေး၏ လယ်မြေ(၁၂.၀)ဧကတွင် ယနေ့နေ့လယ်ပိုင်းက ဗျော့ထွန်းမျိုးသစ်အား ကြိုးတန်းစနစ်ဖြင့် ကောက်စိုက်နေမှုအား မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထို့သို့ ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်စိုက်ပျိုထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူက ပျိုးပင်များ အလေ့အလွင့်မရှိစေရေးနှင့် ရှင်သန်မှုနှုန်းကြီးထွားစေရေးအတွက် လိုအပ်သည့်သွင်းအားစုများ ထည့်သွင်းပေးနိုင်ရေး မှာကြားခဲ့ပြီး ငပုတောမြို့တောင်ပိုင်း ရပ်ကွက်အာကစားဝန်းအတွင်းရှိ ပိုက်ဆံလျှော်စိုက်ပျိုးမည့် မြေနေရာအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်ဆက်)