ကျွန်းလှ ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျွန်းလှမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၁၇) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အမျိုးသားအသင်း (၁၄) သင်း၊ အမျိုးသမီးအသင်း (၄) သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုပတ်လည်စနစ်ဖြင့် ဩဂုတ် (၁၀) ရက်မှ (၁၅) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းထံမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)