မင်းတုန်း ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် စီမံကိန်း လုပ်ငန်းလျာထား ချက်များ ရှင်းလင်းပွဲပြုလုပ်ရာ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက စီမံကိန်းလုပ်ငန်းလျာထားချက် ရှင်းလင်းပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ၎င်းတို့၏ ဌာနအလိုက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း လျာထား ချက်များကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်တို့က ဌာနများ၏ စီမံကိန်းလုပ်ငန်း လျာထားချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)