ပြည်မြို့ ခုတင်(၅၀၀) အထွေရောဂါကုဆေးရုံကြီးသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ECG စက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းအပါအဝင် သွေးပေါင်ချိန်စက် အလုံး၂၀ လာရောက်လှူဒါန်း

ပြည် သြဂုတ် ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ခုတင် ၅၀၀ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ယမန်နေ့ညနေပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းသော ECG စက်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများအပါအဝင် သွေးပေါင်ချိန်စက် အလုံး ၂၀ အား ပြည်မြို့နယ် ကြက်ခြေနီအသင်းမှတာဝန်ရှိသူများအဖွဲ့က လာရောက်လှူဒါန်းကြောင်း သိရသည်။

ယင်းလှူဒါန်းမှုအား ပြည်မြို့ ခုတင် ၅၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ကိုစိုး(ပြည်)